Saturday, June 15, 2013

Full screen caller ID

မိမိဆီကို ၀င်လာတဲ့ အ၀င်ဖုန်းမှာ ဖုန်းခေါ်ဆိုသူရဲ့ပုံကို Screen အပြည့်ဖော်ပေးမယ့် Application လေးတစ် ခုတင်ပေးလိုက်ပါတယ်ဗျာ။ အရင်ကတော့ ကျွန်တော်တို့ ဖုန်းကို ဖုန်းဝင်လာပြီဆိုရင် ဖုန်းခေါ်တဲ့သူရဲ့ပုံ ကိုထည့်ထားရင်တော့ ခပ်သေးသေးလေးဘဲမြင်ရပါတယ်။ အခု Full Screen Caller ကတော့ အပြည့်ကို မြင် ရအောင်ဖော်ပြပေးမှာပါ။ ဒါလေးတင်ဘဲလားဆိုတော့လည်းမဟုတ်သေးပါဘူး ဖုန်းကိုင်တဲ့ / ဖုန်းချတဲ့ စတိုင်လေးပါပြောင်းသွားတယ်ဗျာ။ ဒါ့အပြင် အခြားသော Call နဲ့ပတ်သက်တဲ့ Style တော်တော်များများ ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ဗျာ။ အသေးစိတ်မရှင်းပြတော့ဘူးနော်။ ကိုတိုင်စမ်းပြီး ကလိကြည့်ရင် ဒီထက်ပိုတဲ့ Function တွေကို ရှာတွေ့မှာပါ။ အသုံးပြုရတာလွယ်ပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်း များမှာ အသုံးပြုနိုင်ပါတယ်။

No comments:

Post a Comment